ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်ချောင်းမကြီးတွင် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

0
181

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာ၊ ဆည်တော်ချောင်းမကြီးတွင် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပျောက်ဆုံး ရုပ်အလောင်းအား ရေငုပ်ရှာဖွေပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာနေ အသက် (၇၄) နှစ်အရွယ် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ (၂၇) ရက် ညနေ (၅)နာရီခွဲအချိန်ခန့်က ဆည်တော်ချောင်းမကြီးတွင် ရေချိုးရာမှ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံး ရုပ်အလောင်းအား ရေငုပ်ရှာဖွေပေးပါရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံသို့ ကာယကံရှင် မိသားစုဝင်များမှ ဆက်သွယ်အကူအညီတောင်းခံချက်အရ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) တိုင်းကော်မတီရုံးမှ ရေငုပ်သမားများပါဝင်သော ရေငုပ် ရှာ‌ဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်များ သွားရောက် ရှာဖွေပေးခဲ့ရာ ရှာဖွေချိန် မိနစ် (၃၀) ခန့်အတွင်း ပျောက်ဆုံးရုပ်အလောင်းအား ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here