ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ ခွန်ခမာလက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသ-တ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

0
200

မြန်မာ့လက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့သည် ခွန်ခမာလက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသ-တ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ယနေ့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဝါရင့်လက်ဝှေ့ကျော် တစ်ဦးဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သမ္ဘာရင့်ချန်ပီယံ ပရွမ်ဆမ်နမ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ၌ မနက်ဖြန်တွင် ခွန်ခမာရိုးရာလက်အိတ် စည်းမျဉ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်အပေါ်ပြည်တွင်း လက်ဝှေ့ဝါသနာရှင်များနှင့် ကမ္ဘောဒီးယား ခွန်ခမာ ပရိသတ်များက စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

လက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် ဒဏ်ရာရရှိပြီးနောက်ပိုင်း ပွဲထိုးသ-တ်မှု ပါးလာပြီး ယင်း၏ ညီများကိုသာ ဦးစားပေးလေ့ကျင့်သင်ကြားပေးနေကာ ယခုပွဲစဉ်သည် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။

ထွန်းထွန်းမင်းနှင့် ပရွမ်ဆမ်နမ်တို့သည် ပြီးခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း ခမာဖိုက်တွင် ထိုးသ-တ်ရာ ဒိုင်အမှတ်ဖြင့် ပရွမ်ဆမ်နမ်က အနိုင်ရရှိခဲ့ဖူးသည်။

အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်သည့် ပရွမ်ဆမ်နမ်သည် မြန်မာ့လက်ဝှေ့နှင့် စိမ်းသူမဟုတ်ဘဲ အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေဝနှင့် ထိုးသ-တ်ရာတွင်လည်း ပူးတွဲသရေကျခဲ့ကာ မြန်မာ့ပထမတန်းလက်ဝှေ့ကျော် ရာမန်နှင့် ထိုးသ-တ်ရာတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သူဖြစ် သည်။

ဒူးဒဏ်ရာရရှိပြီးနောက်ပိုင်း လက်ရည်အနည်းငယ်ကျဆင်းလာသော ထွန်းထွန်းမင်းအနေဖြင့် ပညာသာမက မာဂုဏ်နှင့် အတွေ့အကြုံများစွာရှိသည့် ပရွမ်ဆမ်နမ်ကို ကစားရခက်ခဲမည်ဟုလည်း လက်ဝှေ့ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ထားသည်။

အနာဂတ် မြန်မာပြည်ချန်ပီယံ အဖြစ်ထင်ကြေးတချိုရထားသည့် ရိုးရာလက်ဝှေ့ ပထမတန်းက ရှုံးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်းသည်လည်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် ခွန်ခမာလက်ဝှေ့ပွဲတွင် ပါဝင်ထိုးသ-တ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ဝှေ့ အားကစားချစ်သူများ၏ ထောက်ခံအား ပေးမှုများစွာကို ရရှိထားသည့် မန္တလေးဂုဏ်ဆောင် လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ထိုးသ-တ်ရန် မူလစီစဉ်ထားသည့် ကမ္ဘောဒီးယားကစားသမား Roeung Sorphornမှာ ဝမ်းရောဂါကြောင့် မထိုးနိုင်၍ ထိုင်းကစားသမားဖြင့် ပြောင်းလဲစီစဉ်ခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here