မတ်လ လပတ်မြစ်ရေခန့်မှန်းချက် အခြေအနေများထုတ်ပြန်ထား

0
105

လာမည့် မတ်လအတွက် မြစ်ရေခန့်မှန်းချက် အခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားရာ မြစ်ကြီးအချို့၌ လက်ရှိရေအမှတ်ထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

မိုး/ဇလ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် မတ်လအတွင်း ဧရာဝတီမြစ်ရေသည်

မြစ်ကြီးနားမြို့ ၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁) ပေမှ (၃) ပေခန့်တက်နိုင်၊

ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၃) ပေမှ (၄) ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်၊

ဒုဌဝတီမြစ်ရေသည်သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ (၁) ပေခန့်တက်နိုင်၊

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်ခန့်ဆီတက်နိုင်၊

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၁) ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁) ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂) ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ပေခန့်  လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ပေဝက်မှ (၁) ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်ဆီလက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။

မြစ်သာ‌မြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here