Yonex German Open 2024 တွင် (၃၂) ဦး အဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

0
123

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Yonex German Open 2024 တွင် (၃၂) ဦး အဆင့်ဖြင့်သာ ကျေနပ်လိုက်ရကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ဝင်ရောက်ယှဥ်ပြိုင်ခွင်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၈၂) ရှိ ပြင်သစ် ကြက်တောင်မယ် Léon ice Huet နှင့် ဖေဖော်ဝါရီလ (၂၈) ရက်တွင် ယှဥ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ကစားရာ ပထမပွဲစဥ်တွင် ပြင်သစ်ကြက်တောင်မယ်က (၂၁) မှတ် (၁၅) မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဥ်တွင် သက်ထားသူဇာက (၂၁) မှတ် (၁၈) ဖြင့် ပြန်လည်အနိုင်ရခဲ့သည့်အတွက် တတိယပွဲစဥ်ကစားရာ ပြင်သစ် ကြက်တောင်မယ် Léonice Huet က (၂၁) မှတ် (၁၇) မှတ်ဖြင့်အနိုင်ရကာ (၁၆) ဦးရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၂) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here