Games of the Future 2024 ကွာတားဖိုင်နယ်တွင် RRQ Hoshi နှင့် တွေ့ရမည့် Burmese Ghouls

0
237

ပြည်တွင်း MLBB လောကတွင်အအောင်မြင်ဆုံးအသင်းဖြစ်သည့် Burmese Ghouls အသင်းသည် ရှရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် Games of the Future 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း သိရသည်။

Burmese Ghouls သည် Play Off Stage Round 1 တွင် ဆော်ဒီအသင်းကိုအနိုင်ယူပြီး ကွာတားဖိုင်နယ်သို့တက်ရောက်သွားကာ အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi နှင့် တွေ့ရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဂါရီလ ၂၆ ရက်မှ မတ်လ ၂ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၃၅၀၀၀၀၊ ဒုတိယ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၊ တတိယ အမေရိကန်ဒေါ်လာ ၁၂ဝဝဝဝ၊ စတုတ္ထ အမေရိကန်ဒေါ်လာ ၇၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Burmese Ghouls အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ရုရှားအသင်းဖြစ်သည့် Deus Vult အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂ ပွဲဆက်ရှုံးနိမ်ခဲ့ပြီး ဒုတိယ ပွဲစဉ်တွင် မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun ကို ၂ ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် Group Stage ရဲ့ No.3 နေရာကိုရရှိခဲ့ပြီး Play Off Stage Round 1တွင် ဆော်ဒီကိုယ်စားပြု Twisted Minds ယှဉ်ပြိုင်ကစားရာတွင်လည်း ၂ ပွဲဆက်အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာကိုယ်စားပြု Burmese Ghouls နှင့် အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi တို့သည် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ၅ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်‌ကြောင်း သိရသည်။

Games of the Future 2024 ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ လက်‌ရွေးစင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း (၄) အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး Burmese Ghouls အသင်းသည် Group (A) ၌ ရုရှားကိုယ်စားပြု Deus Vult ၊ အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi ၊ မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun တိုနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here