မြန်မာ့စိန်တစ်လုံး ပြည်ပဈေးကွက်ရရှိမှု အားနည်းနေခြင်းကုစားဖို့တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သည့်စနစ်ပါ တွဲဖက်လုပ်နိုင်ရန်လို

0
222

ပြည်တွင်း‌၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့စိန်တစ်လုံးသရက်သီးသည် ပြည်ပဈေးကွက်ရရှိမှု အားနည်းနေသေးကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

သရက်သီးရာသီတွင် တောင်သူများအနေဖြင့် တရုတ်ဈေးကွက်ကိုသာ တင်ပို့ရောင်းချပြီး အရည်အသွေးအလိုက် ဈေးဖြတ်ခြင်းကို တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်မှသာ ဈေးဖြတ်သဖြင့် ဈေးကောင်းရသင့်သလောက် မရရှိဘဲ ရောင်းချနေရကြောင်း သိရသည်။

ယခုကဲ့သို့ စိန်တစ်လုံး သရက်သီးကို ပမာဏများများ တင်ပို့နိုင်ခြင်း မရှိသေးသည်မှာ ပြည်တွင်း၌ အအေးခန်းများမရှိခြင်း၊ အအေးခန်းကွန်တိန်နာများ ငှားရမ်းခ ဈေးနှုန်းကြီး မြင့်ခြင်းများကြောင့် တောင်သူများ လက်လှမ်းမမီသည့် တင်ပို့မှုလုပ်ငန်းစဉ်တစ်ခု ဖြစ်နေပြီး လက်ရှိအချိန်တွင် ဈေးကွက်ဖော်ဆောင်ရန် ပို့ကုန်ကုမ္ပဏီ အချို့က တနိုင်တပိုင် လုပ်ငန်းအဖြစ်သာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စိန်တလုံးကို တရုတ်နိုင်ငံသို့ တင်ပို့နေရာတွင် ဈေးတသမတ်တည်း မရှိခြင်းကြောင့် အခြားဈေးကွက်ကို ရှာဖွေတင်ပို့နိုင်မှသာ ဈေးကောင်းရရှိလာမည်ဖြစ်ပြီး ပို့ကုန်တင်ပို့ခြင်းနှင့်အတူ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သည့်စနစ်ပါ တွဲဖက်ထုတ်လုပ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း သစ်သီးကုန်သည်တစ်ဦးကရှင်းပြထားသည်။

လက်ရှိအချိန်တွင် သရက်သီးထွက်ရှိမှု၏ ၃၀ ရာခိုင်နှုန်းခန့်ကို နယ်စပ်ဒေသမှ တင်ပို့နေပြီး ပင်လယ်ရေကြောင်းမှ ငါးရာခိုင်နှုန်းခန့်သာ တင်ပို့နေရကာ  ပြည်တွင်းဈေးကွက်၌ ၆၅ ရာခိုင်နှုန်းခန့် ရောင်းချနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here