အီမရန်ခန် ထောက်ခံသူများရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကြားမှ ပါကစ္စတန်လွှတ်တော်သစ်အတွက် ကျမ်းသစ္စာဆို

0
95

အကျဉ်းစံ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်ရဲ့ မဟာမိတ်တွေက အလိမ်အညာ ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း ကန့်ကွက်အော်ဟစ်မှုတွေနဲ့အတူ ကြာသပတေးနေ့က ပါကစ္စတန် အမျိုးသားလွှတ်တော်အတွက် လွှတ်တော်အမတ်သစ်တွေဟာ ဝရုန်းသုန်းကား အခြေအနေမှာ ကျမ်းကျိန်ဆိုမှု လုပ်ခဲ့ကြပါတယ်။

အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်ရတဲ့ ရှေဘတ်ဇ် ရှရစ်ဖ်နဲ့ ညီဖြစ်သူ နာဝပ်ရှရစ်ဖ်တို့အောက်လွှတ်တော်အတွင်း ဝင်ရောက်လာချိန်မှာ ခန်ရဲ့ Pakistan Tehreek-e-Insaf ပါတီမှ အမတ်တွေက “မဲသူခိုး” လို့ အကြိမ်ကြိမ် အော်ဟစ်ခဲ့ကြပါတယ်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးလုံးဟာလည်း ဝန်ကြီးချုပ်ဟောင်းတွေဖြစ်ပါတယ်။

ရွေးကောက်ခံလွှတ်တော်အမတ်တွေ ကျမ်းကျိန်ဆိုခြင်းကို နုတ်ထွက်တော့မယ့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာဂျာ ပါဗက်က ကမကထပြု ဆောင်ရွက်ပေးခဲ့ပါတယ်။ ညီအစ်ကိုနှစ်ဦး ကျမ်းကျိန်ဆိုအပြီး အမတ်အဖြစ် တရားဝင်လက်မှတ်ရေးထိုးစဉ်မှာ အောက်လွှတ်တော်အတွင်း ရှရစ်ဖ် “အသက်ရာကျော်ရှည်ပါစေ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ အစိုးရသစ်အနေနဲ့ စစ်သွေးကြွတိုက်ခိုက်မှုတွေ မြင့်တက်လာခြင်း၊ စွမ်းအင်ပြတ်လပ်ခြင်းဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် ပါကစ္စတန်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ နောက်ထပ် ထောက်ပံ့ငွေယူရနိုင်တဲ့ စီးပွားရေးဆိုင်ရာချိနဲ့မှုဖြစ်စဉ်ကိုလည်း ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here