မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသူ လူငယ်တစ်ဦး ရေနစ်‌ေ-သဆုံး

0
127

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် အိုးရှင်းစင်တာအနီးရှိ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် ရေဆင်းကူးသည့် လူငယ်တစ်ဦး ရေနစ်‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၉) ရက် မွန်းတည့် (၁၂)နာရီခွဲက အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ပျောက်ဆုံးသွားသည့်အတွက် ကူညီဆောင်ရွက်ပေးပါရန် မုံရွာခရိုင်မီးသတ်စခန်းသို့ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အကြောင်းကြားခဲ့သည့်အတွက် မုံရွာခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြတ်သူဆွေ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် 191 တစ်စီး ၊ကမ်းနား မီးသတ်စခန်းမှ Boat တစ်စီး၊ မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေး အသင်းသားများ၊ ပေးဆပ်သူလူမှုကူညီရေးအသင်းသားများမှ စုပေါင်းရှာဖွေခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ရှာဖွေခဲ့ရာ ရေနစ်ပျောက်ဆုံးသူ မုံရွာစက်မှုဇုန်ရပ်နေ အသက်(၁၄)နှစ်အရွယ် မောင်မြတ်မင်းခန့်အား ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ပြီး မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here