ထွန်းထွန်းမင်းနှင့် ပရမ်စမ်နမ်တို့၏ ခွန်ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပရမ်စမ်နမ်က ဒိုင်အမှတ်ဖြင့်အနိုင်ရ

0
109

မြန်မာနိုင်ငံ၏ နာမည်ကြီးလက်ဝှေ့ကျော် တစ်ဦးဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သမ္ဘာရင့်ချန်ပီယံ ပရမ်စမ်နမ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့ညက ခွန်ခမာရိုးရာ လက်အိတ် စည်းမျဥ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသ-တ်ခဲ့ကြသည်။

အဆိုပါပွဲစဥ်သည်ပြည်တွင်း လက်ဝှေ့ဝါသနာရှင်များနှင့် ကမ္ဘောဒီးယား ခွန်ခမာ ပရိသတ်များက စိတ်ဝင်စားမှုများစွာရရှိခဲ့ကြောင်း သိရသည်။

ထိုသိူ့ထိုးသ-တ်ရာတွင် (၃) မိနစ် (၃) ချီပြည့်သည့်အထိ အနိုင်အရှုံးမပြတ်သားခဲ့သည့် အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ သမ္ဘာရင့်ချန်ပီယံ ပရမ်စမ်နမ်က အနိုင်ရရှိခဲ့သည်။

ထွန်းထွန်းမင်းမှာ ပထမအချီနှင့် ဒုတိယအချီတို့တွင် သူတင်ကိုယ်တင် ယှဥ်ပြိုင်ထိုးသ-တ်နိုင်ခဲ့သော်လည်း တတိယပိုင်းတွင် သက်လုံကြောင့် ကစားအားကျလာသည်ကို တွေ့ခဲ့ရသည်။

ထွန်းထွန်းမင်းနှင့် ပရမ်စမ်နမ်တိုသည် ပြီးခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း ခမာဖိုက်တွင် ထိုးသ-တ်ရာ ဒိုင်အမှတ်ဖြင့် ပရမ်စမ်နမ်က အနိုင်ရရှိခဲ့ဖူးပြီး ယနေ့ညတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သည့်အတွက် ထွန်းထွန်းမင်းမှာ ရှုံးကြွေးထပ်တင်ခဲ့ရသည်။

ပရမ်စမ်နမ်သည် မြန်မာ့လက်ဝှေ့သည် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ကို ပူးတွဲသရေကျခဲ့သူဖြစ်ပြီး မြန်မာ့ပထမတန်းလက်ဝှေ့ကျော် ရာမန်ကို အလဲထိုးဖြင့် အလွတ်တန်း လက်ဝှေ့ကျော်ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည့်အတွက် မြန်မာလက်ဝှေ့ကစားကစားသမားများနှင့် ရင်ဆိုင်ထိုးသ-တ်ရာတွင် ရှုံးပွဲမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here