အိန္ဒိယ၏မီဒီယာကြီးအဖြစ်ဖန်တီးရန် ဒေါ်လာ ၈.၅ ဘီလီယံ ပေါင်းစည်းဖက်စပ်ကြောင်း ကြေညာလိုက်သည့် ရီလိုင်းရန့်စ်နှင့်ဒစ္စနေး

0
122

အိန္ဒိယ၏ ဖျော်ဖြေရေးဈေးကွက်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးတစ်ခု ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာကျော်ကုမ္မဏီကြီး နှစ်ခုပေါင်းစည်းမှုသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အနုပညာ ဖျော်ဖြေရေးလုပ်ငန်း ကဏ္ဍကို ပိုမိုလှုပ်ခတ်သွားမည်ဟု မျှော်လင့်ရသည်။

အိန္ဒိယ၏အချမ်းသာဆုံး ရီလိုင်းရန့်စ် ကုမ္မဏီကြီး နှင့် အမေရိကမှ ကမ္ဘာကျော် ဒစ္စနေးကုမ္မဏီကြီးတို့သည် ၎င်းတို့၏ India TV နှင့် streaming media ပိုင်ဆိုင်မှုများကို ပေါင်းစည်းလိုက်ကြောင်း ကြေညာလိုက်သည်။

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးရှိသော အိန္ဒိယနိုင်ငံ၌ ပြိုင်ဘက်များထက် သာအောင် ဖျော်ဖြေရေးစွမ်းအားသစ်ကို ဖန်တီးတော့မည်ဖြစ်သည်။

အာရှ၏အချမ်းသာဆုံးသူ Mukesh Ambani ဦးဆောင်သော ရီလိုင်းစန့်စ် သည် ပေါင်းလိုက်သောဖက်စပ်အဖွဲ့အစည်းတွင် ရှယ်ယာ ၆၃ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး Disney သည် ၃၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်း  ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကုမ္ပဏီများ၏ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သည်။

အမ်ဘာနီဖက်က ဇနီးဖြစ်သူ Nita Ambani က အဆိုပါဖက်စပ်ကုမ္မဏီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒစ္စနေး ဖက်ကထိပ်တန်းအမှုဆောင်ဟောင်း Uday Shankar က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဟု Ambani က ပြောကြားခဲ့သည်။

Reliance-Disney ဖက်စပ် ကုမ္မဏီ တွင် တီဗီချန်နယ် ပေါင်း ၁၂၀ နှင့် streaming ပလပ်ဖောင်းနှစ်ခုပါရှိမည်ဖြစ်ပြီး နိုင်ငံ၏ဒေါ်လာ ၂၈ ဘီလီယံ လည်ပတ်နေသော မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍတွင် Ambani ၏ပြိုင်ဘက်များကို နေကြတ်သကဲ့သို့ဖြစ်စေမည်လားဟုခန့်မှန်းကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here