လက်နက်များအတွက် ယူကရိန်းသို့ ဒေါ်လာ ၁၈ သန်းပေးရန် ဟန်ဂေရီ ငြင်းဆို၊ ၎င်းအစား ချဒ်ကို ပေးပို့

0
306

ယူကရိန်းအတွက် လက်နက်များထောက်ပံ့ရန်အသုံးပြုမည့် ဒေါ်လာ ၁၈ သန်းကို ဥရောပငြိမ်းချမ်းရေး အဆောက်အအုံ(European Peace Facility)သို့ လွှဲပြောင်းပေးရန်ကို ဟန်ဂေရီအစိုးရက ငြင်းဆိုခဲ့ပြီး၊ ယင်းအစား ချဒ်(Chad)နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ချဒ်နိုင်ငံရဲ့ လုံခြုံရေးကို အားကောင်းအောင်လုပ်ဖို့၊ ချဒ်မှာ စစ်တပ်အရာရှိတွေကို လေ့ကျင့်သင်ကြားပေးဖို့နဲ့ ချဒ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့အတွက် ဒီဒေါ်လာ ၁၈ သန်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Szijjarto က ပြောကြားခဲ့သည်။ ဟန်ဂေရီသည် အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ချဒ်နိုင်ငံအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းဆိုင်ရာ ကျယ်ပြန့်သော အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သူက ပြောကြားခဲ့သည်။

ဥရောပငြိမ်းချမ်းရေး အဆောက်အအုံ(European Peace Facility)ကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ပြီးနောက်တွင်မူ ဥရောပသမဂ္ဂသည် ယူကရိန်းစစ်တပ်သို့ လက်နက်တင်ပို့မှုကုန်ကျစရိတ်များအတွက် ကုန်ကျစရိတ်များကို ပံ့ပိုးပေးရန် ဥရောပငြိမ်းချမ်းရေး အဆောက်အအုံကို စတင်အသုံးပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here