စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာရာ ဒီဇယ်မပါဝင်

0
148

စင်ကာပူ၏ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးကျနေသည့်အတွက် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းလည်းကျဆင်းလာပြီး ဒီဇယ်ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့်တစ်ပါတ်တွင် စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည် 92 Ron တစည်ကို ၉၇ ဒသမ ၃၇ ဒေါ်လာ၊ 95 Ron တစ်စည်ကို ၁၀၂ ဒသမ ၀၄ ဒေါ်လာ၊ 10 PPM တစ်စည်ကို ၁၀၄ ဒသမ ၃၀ ဒေါ်လာရှိခဲ့ရာမှ ယခုတစ်ပါတ်တွင် 92 Ron တစည်ကို ၉၆ ဒသမ ၁၃ ဒေါ်လာ၊ 95 Ron သည် ၁၀၀ ဒသမ ၈ ဒေါ်လာ၊ 10 PPM တစည်ကို ၁၀၂ ဒသမ ၇၁ ဒေါ်လာ ရှိသည်။

ယခုတစ်ပါတ်အတွက် ပြည်တွင်း စက်သုံးဆီလက်ကားရည် ညွှန်းဈေးအရ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၇၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၈၃၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၅၃၄ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် အောက်တိန်း ၉၂တစ်လီတာ ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်‌ဖြစ်သည်။

အဆိုပါ ဈေးနှုန်းသည် ရန်ကုန် လက်လီဈေးကွက်အတွက် သတ်မှတ်ပေးသည့် ဈေးနှုန်း‌များဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင်စရိတ်ကြောင့် ယခုဈေးနှုန်းများထက် ပိုများနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here