မြန်မာကျောင်းသားတစ်ထောင်ကျော်အား အမေရိကန်ပညာသင်ဆုပေးအပ်မည်

0
400

ဘန်ကောက်၊ဖေဖော်ဝါရီ ၂၉

ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမေရိကန်အစိုးရက မြန်မာနိုင်ငံမှကျောင်းသားများအတွက် မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်ရေးဆိုင်ရာ ပညာသင်ဆုအစီအစဉ်မိတ်ဆက်ပွဲကိုကျင်းပခဲ့ပြီး အဆိုပါအစီအစဉ်အရ မြန်မာကျောင်းသားလူငယ်တစ်ထောင်ကျော်ကို ပညာသင်ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ငါးနှစ်တာစီမံကိန်းဖြင့်ပြုလုပ်သည့် အဆိုပါအစီအစဉ်၌ ထိုင်းအပါအဝင် ဒေသတွင်းရှိနိုင်ငံများမှ တက္ကသိုလ်များ၏ဘွဲ့များသာမက အမေရိကမှအရီဇိုးနားတက္ကသိုလ်ရှိ အွန်လိုင်းသင်ခန်းစာများကိုပါလေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ ချို့တဲ့ပြီးထိခိုက်လွယ်သူများအတွက် အလေးပေး လုပ်‌ဆောင်သည့် ယခုပညာသင်ဆုသည် လူငယ်များ၏ ပညာထူးချွန်မှုကိုမြှင့်တင်ပေးပြီး ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွက် အဓိပ္ပာယ်ပြည့်ဝစွာပံ့ပိုးပေးနိုင်သော မျိုးဆက်သစ်ခေါင်းဆောင်များလည်းဖြစ်စေနိုင်မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

“ယခုပညာသင်ဆုအစီအစဉ်သည် ဒေသတွင်းရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်သည်” ဟု USAID ၏ အာရှဆိုင်ရာလက်ထောက် အုပ်ချုပ်ရေးမှုး Michael Schiffer ကပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့်ကမ္ဘာတစ်ဝန်းတွင် အပြုသဘောဆောင်သည့် အပြောင်းအလဲအတွက်အထောက်အကူဖြစ်စေရန်ရည်ရွယ်သည်ဟုလည်းဆိုသည်။

Source : USAID


LEAVE A REPLY

Please enter your comment!
Please enter your name here