နျူကလီးယားစစ်နှင့်ပတ်သက်၍ အနောက်အုပ်စုအား ပူတင်သတိပေး၊ ဟိုက်ပါဆိုးနစ်လက်နက်အသစ်များလည်း ဖြန့်ကျက်ထားကြောင်းကြေငြာ

0
144

မော်စကို၊ဖေဖော်ဝါရီ ၂၉

သမ္မတပူတင်သည် မော်စကို၏ နျူစွမ်းရည်များအကြောင်းနှင့် ဟိုက်ပါဆိုးနစ်လက်နက်အသစ်များ စမ်းသပ်မှုအကြောင်းအားပြောကြားခဲ့ပြီး ရုရှား၌ အနောက်အုပ်စု၏ ပိုင်နက်ထဲထိတိုက်ခိုက်နိုင်သည့် လက်နက်များရှိကြောင်းနှင့် ၎င်းတို့၏ခြိမ်းခြောက်မှုများကသာ နျူစစ်အန္တရာယ်ကို ဖန်တီးနေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

အနောက်နိုင်ငံများ ပါဝင်သမျှအရာအားလုံးသည် ပဋိပက္ခအား ပိုမိုကြီးထွားစေသည်ဟုလည်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကစတင်ခဲ့သည့် ရုရှား – ယူကရိန်းအရေးကြောင့် ရုရှား၏ အနောက်အုပ်စုနှင့်ဆက်ဆံရေးမှာ ပိုမိုယိုယွင်းလာခဲ့ခြင်းလည်းဖြစ်သည်။

စစ်ပွဲကာလအတွင်း၌လည်း သမ္မတပူတင်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ယူကရိန်းသို့ စစ်ရေးအကူအညီနှင့် မြေပြင်တပ်များစေလွှတ်ခြင်းမပြုရန် သတိပေးချက်များထုတ်ပြန်ခဲ့ပြီး ယင်းသို့ပြုလုပ်ပါကနေတိုးနှင့်ရုရှားတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာနိုင်သည်ဟုပြောကြားခဲ့သည်။

သို့သော် အမေရိက အပါအဝင် အခြား နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်းကိုလည်း အခိုင်အမာပြောကြားခဲ့ကြသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here