အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား လူသွားလမ်းပေါ်ချိန်

0
183

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ရေကန်အတွင်းရှိ ရွှေမဉ္ဇူရေလယ်ဘုရားသို့ သွားရာလျှောက်လမ်းပေါ်လာပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

အဆိုပါ ရေလယ်ဘုရားသွားလမ်း ပြန်ပေါ်လာသည့်အတွက် ယမန့်နေ ဖေဖော်ဝါရီ (၂၉)ရက်က ဒေသခံပြည်သူလူထုနှင့် အင်းသန့်မွန် ပရဟိတအသင်း အပါအဝင် လူဦးရေ (၁၅၀)ခန့်က လူသွားလမ်းပေါ်ရှိ အမှိုက်နှင့် ရေညှိများကို သန့်ရှင်းရေး လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“လူသွားလမ်းက နှစ်စဉ် တပေါင်း၊ တန်ခူး လောက်ဆို ပေါ်လေ့ရှိပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင် သဘာဝအင်းတော်ကြီးကန် ရေခန်းခြောက်လာတယ်လို့ ပြောလို့ရပါတယ်။ အချို့လတွေကတော့ ဘုရားကို စက်တပ်လှေနဲ့ သွားဖူးရတာမျိုးပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေမဉ္ဇူရေလယ်ဘုရားတည်ရှိနေသည် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝအင်းအမျိုးအစားဖြစ်ပြီး အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား (၁၄) မိုင် နှင့် အနံ (၇) မိုင် ရှိကြောင်း သိရသည်။

အဆိုပါ အင်းတော်ကြီး ကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထားပြီး ငှက်ကြည့်ဝါသနာရှင်များ ဘုရာဖူးလာရောက်ကာ လည်ပတ်မှုများလည်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here