ပို့ကုန်လိုင်စင် ပါမစ်လျှောက်ထားမှု ပြင်ဆင်ဖြည့်စွက်ရမည့်ကာလကို (၁၄) ရက်အထိတိုးမြှင့်သတ်မှတ်

0
177

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်ပါမစ်လျှောက်ထားရာတွင် အချက်အလက်နှင့် စာရွက်စာတမ်း မပြည့်စုံမှုအတွက်ပြင်ဆင်ဖြည့်စွက်ရမည့်ကာလကို ယခင်က (၇) ရက် သတ်မှတ်ထားရာမှ (၁၄) ရက်အထိ တိုးမြှင့်သတ်မှတ်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ်ချက်ရှိခြင်း၊ စာရွက်စာတမ်း ပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များကို Message ပေးပို့သည့်နေ့မှ (၇) ရက်အတွင်း လုပ်ငန်းရှင်များ ပြန်လည်တင်ပြခြင်းမရှိပါက စနစ်မှ အလိုအလျောက်ပယ်ဖျက် (Auto Cancel) မည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ ၄/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်။

ယခုအခါ ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ပို့ကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရမည့် ကာလကို ယခင်သတ်မှတ်ထားသည့် (၇) ရက်အစား (၁၄) ရက်သို့ ပြင်ဆင်ဖြေလျှော့ပေးခြင်းကို ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်မှစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်၊ သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လိုင်စင်ပါ အချက်အလက် ပြည့်စုံမှုမရှိသဖြင့် Turn Down ပြုလုပ်ကြောင်းနှင့် ဌာနမှ လိုင်စင်ခွင့်ပြုပြီးကြောင်းတို့ကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အချိန်နှင့်တပြေးညီ သိရှိဆောင်ရွက်နိုင်ရေးအတွက် စနစ်မှ အသိပေးခြင်းအပြင် ကုမ္ပဏီများ၏ Main Member အီးမေးလ်များသို့လည်း အကြောင်းကြားပေးပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here