ဂါဇာစစ်ဆင်ရေး အောင်ပွဲရသည်အထိဆက်ရှိနေမည်–နေတန်ယာဟု

0
159

ဂါဇာ၊ဖေဖော်ဝါရီ ၂၉

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ဖေဖော်ဝါရီ ၂၉ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အစ္စရေးအနေဖြင့် ဂါဇာစစ်ဆင်ရေးကို “အလုံးစုံအောင်နိုင်သည်” အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုခဲ့ပြီး ဟားမတ်စ်တပ်ရင်းများဖျက်သိမ်းရေး၏အရေးကြီးပုံကိုပါ မီးမောင်းထိုးပြခဲ့သည်။

တစ်ချိန်တည်းဆိုသလိုပင် ဝိုင်းရံပိတ်ဆို့ထားသော ပါလက်စတိုင်းနယ်မြေအတွင်း စစ်ပွဲငါးလတာနီးကပ်လာသည်နှင့်အမျှ ‌ေ-သဆုံးသူဦးရေသည် ၃၀,၀၀၀ ကျော်အထိရှိလာပြီလည်းဖြစ်သည်။

အစ္စရေးအနေဖြင့် ၎င်း၏ဓ-ါးစာခံများကို ပြန်လည်ရရှိရန် မဆုတ်မနစ်ကြိုးပမ်းနေကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပြီး ဟားမတ်စ်နှင့်အစ္စရေးတို့အကြား သဘောတူညီချက်တစ်ရပ် ပေါ်ပေါက်လာမည်ဆိုသည်ကိုပြောရန်မှာ စောလွန်းသေးကြောင်းလည်းပြောကြားခဲ့သည်။

အခြားနိုင်ငံများနှင့်နိုင်ငံတကာမီဒီယာများမှ ဖိအားများမြင့်မားလာသော်လည်း ဂါဇာရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)များအား စစ်ဆင်ရေးကို လွတ်လပ်စွာလုပ်‌ဆောင်နိုင်ရန်အာမခံထားကြောင်းလည်း အစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here