ရိုင်နီယာကို အလဲထိုးပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်(၃)ခုကို ရယူခဲ့သည့် မာလီခင်

0
334

ရုရှားနိုင်ငံသား ဖိုက်တာ မာလီခင်သည် ယနေ့ည ကာတာနိုင်ငံတွင် ကျင်းပသည့် One Championship ပြိုင်ပွဲ One 166 ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ရိုင်နီယာကို အနိုင်ယူကာ One Championship ၏ သမိုင်းတစ်လျှောက် ချန်ပီယံ ခါးပတ် (၃) ခုပိုင်ဆိုင်ခဲ့သည့် ပထမဆုံး ဖိုက်တာတစ်ခု ဖြစ်လာခဲ့သည်။

ယနေ့ညတွင် Middleweight ခါးပတ်လုပွဲစဥ်အတွက် ပြိုင်ဘက်ဟောင်း ရိုင်နီယာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ တတိယအချီအရောက်တွင် မာလီခင်က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မာလီခင်သည် ပြိုင်ဘက် ရိုင်နီယာအား ပထမအချီမှာပင် ဖိအားပေး အသာစီးမှ ထိုးသ-တ်ခဲ့ပြီး တတိယအချီတွင် ရိုင်နီယာမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဒိုင်ဖြစ်သူမှ မာလီခင်အား အနိုင်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

မာလီခင်သည် ပြီးခဲ့သည့်နှစ်အတွင်းက ရိုင်နီယာနှင့် Light Heavyweight လူပွဲ ထိုးသ-တ်စဉ်ကလည်း အနိုင်ရခဲ့သည့် အတွက် ရိုင်နီယာမှာ ခါးပတ်နှစ်ခုလုံး လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မာလီခင်မှာ လက်ရှိအချိန်တွင် Heavyweight ၊ Light Heavyweight နှင့် Middleweight စသည့် ဝိတ်တန်း (၃) ခုတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ပထမဆုံး ခါးပတ် (၃) ခုရရှိထားသူအ ဖြစ် စံချိန်တင်သွားပြီလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here