တောင်သူလယ်သမားများထံပို့သည့် ဝန်ကြီးချုပ်၏သဝဏ်လွှာ

0
149

ယနေ့ မတ်လ (၂) ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်ကပေးပို့သည့်သဝဏ်လွှာတွင်နိုင်ငံတော် အစိုးရအနေဖြင့်လက်ရှိလုပ်ဆောင်ပေးနေသည်များ၊ တောင်သူကြီးများအားတိုက်တွန်းချက်များနှင့်ကျေးဇူးတင်ရှိကြောင်းဟူ၍ သုံးပိုင်းပါဝင်သည်။

-အစိုးရအနေဖြင့်ပါဝင်လုပ်ဆောင်ပေးနေသည်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက် (၃) ရပ် ချမှတ်၍ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ် (၈) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း (၆) ခုကိုလည်းကောင်း၊တိုင်းဒေသကြီး (၆) ခုကိုလည်း အရင်းအနှီးများ မတည်ထောက်ပံ့ပေးနေကြောင်း

တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအရေးပါသည့် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခေတ်မီနည်းစနစ်များသုံးပြီးစက် မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေကြောင်း

ဓာတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်ထုတ်လုပ်သုံးစွဲနိုင်ရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာများ ဒေသအလိုက် နည်းပညာဖြန့်ဝေပေးခြင်း၊ သွင်းအားစုဈေးနှုန်းများ သက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း

အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း

-အားပေးတိုက်တွန်းချက်များ

စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများအနက်မှ အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်းစသည့်သီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးသွားကြရန်လိုအပ်ကြောင်း

မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ရေးသည် လွန်စွာအရေးပါ၍ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သတိပြုစေလိုကြောင်း

လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ စိုက်ပျိုးထားသောသီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများရှိနေပြီးစားရေ ရိက္ခာ မလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်း ရေးတို့ကို ကြိုတင်စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ်ဖြင့်လုံ့လ၊ ဝီရိယ ပေါင်းစပ်၍ အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ် ဆောင်ပေးကြရန် တိုက်တွန်းကြောင်း

-ကျေးဇူးစကား

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိ စပါးဧက (၁၇) သန်း၊ ပဲမျိုးစုံဧက (၁၀.၅၇) သန်း၊ ဆီထွက်သီးနှံဧက (၈.၂၄) သန်း၊ အစေ့ထုတ်ပြောင်းဧက (၁.၆) သန်းနှင့် ဝါသီးနှံဧက(၀.၅၂) သန်း စိုက်ပျိုးပြီးစီးခဲ့သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ်သမားများအား ကျေးဇူးတင်ကြောင်း နစကဥက္ကဋ္ဌကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here