ဖားကန့် ဓာတ်အားလိုင်းတိုင်များ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းပြီးစီး

0
212

မိုးကောင်း-ဖားကန့် သွယ်တန်းထားသည့် (၆၆)ကီလိုဝပ် ဓာတ်အားလိုင်းတိုင်များ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ် ပြီးစီးသွားပြီဖြစ်ကာ ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖားကန့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးဝေရေး တာဝန်ခံရုံးထံက ယမန်နေ့တွင် အသိပေးထားသည်။

အဆိုပါ အသိပေးချက်တွင် မိုးကောင်း- ဖားကန့် လျပ်စစ်ဓာတ်အားလိုင်း တိုင်အမှတ် (၇၀၂)သို့ (၁၂)မီတာ ကွန်ကရစ်တိုင်နှစ်လုံးအား တောင်ပေါ်သို့ ဆွဲတင်ခြင်း၊ တောင်ခြေမှ တောင်ပေါ်သို့ လိုင်းလုပ်ငန်းသုံးပစ္စည်းများ လူအားဖြင့် သယ်ယူခြင်း၊ ကွန်ကရစ်တိုင် နှစ်လုံးတပ်ဆင်ရန် Gin Pole တပ်ဆင်ခြင်း၊ Gin Pole ခေါင်းကြိုး လေးကြိုးတပ်ဆင်ရန် ယာယီနေရာချခြင်းများဆောင်ရွက်ပြီးစီးသွားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိကာ ပြီးစီပါက မကြာမီ ဖားကန့်ဒေသအတွင်း လျှပ်စစ်မီးပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

“”နောက် တစ်ပတ်လောက်ဆို ပြီးတော့မှာပါ။ ဒေသခံတွေ မီးရဖို့ အမြန်ဆောင်ရွက်ပေးနေပါတယ်။ ပြန်ပြုပြင်တဲ့နေရာမှာ သံလက်တန်း၊ ကြွေသီးတွေ၊ မီးကြိုးနဲ့အခြားဆက်စပ်ပစ္စည်းတွေက သယ်ရတာအရမ်းလေးပါတယ်။ တိုင်တွေက တောင်ပေါ်မှာဆိုတော့ ခက်ခက်ခဲခဲနဲ့ လုပ်နေရတာပါ”ဟု ‌ဖားကန့်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်အားလိုင်းတိုင်များ ပြည်လည်ထူထောင်ခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်းလုပ်ငန်းများကို ယခုလ (၁၈) ရက်နေ့က စတင်ခဲ့သော်လည်း မိုးရွာသွန်းခဲ့ခြင်းကြောင့် အနည်းငယ်ကြန့်ကြာခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ်များအတွက် မဟာဓာတ်အားလိုင်းမှူးရုံး (ဝိုင်းမော်)မှ ဝန်ထမ်းအင်အား (၂၁) ဦးနှင့် ဖားကန့်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်း (၁၆) ဦးတို့က ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။

ယခုလဆန်းပိုင်းက ဖားကန့်မြို့နယ်အတွင်း ထိုတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်း – ဖားကန့် ဓာတ်အားပေးနေသည့်( ၆၆) KV ဓာတ်အားတိုင်များ လက်နက်ကြီးထိမှန်ကာ ဖားကန့် မြို့ပေါ်ရပ်ကွက်များနှင့် ဆိုင်းတောင်၊ လုံးခင်းကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်မှုများ ယနေ့အချိန်အထိ ဖြစ်ပေါ်‌နေသည်။

ဓာတ်ပုံ-ဖားကန့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here