ဂါဇာမှာ အစ္စရေးဗုံးကြဲမှုကြောင့် ဓ-ါးစာခံ ၇ ဦး ထပ်မံ‌ေ-သဆုံးခဲ့ဟု ဟားမတ်စ် ပြော

0
159

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိန်းသိမ်းထားတဲ့ ဓ-ါးစာခံ ၇ ဦး ထပ်မံ‌ေ-သဆုံးခဲ့တယ်လို့ ဟားမတ်စ်ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့က ပြောဆိုပါတယ်။

သောကြာနေ့က တယ်လီဂရမ်ပေါ်တင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဟားမတ်စ်ရဲ့ Qassam တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘီယာဒါက ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဓ-ါးစာခံတွေ ထိန်းသိမ်းထားတဲ့ ၎င်းတို့ တိုက်ခိုက်ရေးသမားတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့အပြီး သီတင်းပတ်အနည်းငယ်အကြာမှာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက် ဒီသတင်းကို အတည်ပြုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အဖွဲ့က ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းဒေသအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း အစ္စရေးနိုင်ငံသားနဲ့ နိုင်ငံခြားသား ၂၅၀ ခန့်ကို ဟားမတ်စ်တို့က ဖမ်းဆီးသွားခဲ့ပြီး ယင်းတို့ထဲက ၁၃၀ ခန့်ဟာ လက်ရှိတိုင် ထိန်းသိမ်းခံထားရဆဲလို့ ယုံကြည်ရပါတယ်။

သောကြာနေ့က ထုတ်ပြန်ချက်အတွင်း ‌ေ-သဆုံးခဲ့သူ ၇ ဦးအနက် သုံးဦးရဲ့ အမည်နာမတွေကို Qassam တပ်ရင်းက ထုတ်ပြန်ပေးခဲ့ပေမယ့် ၎င်းတို့ ‌ေ-သဆုံးခဲ့တဲ့ အချိန်ကာလကိုတော့ ပြောဆိုထားခြင်းမရှိပါဘူး။ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ‌ေ-သဆုံးခဲ့တဲ့ ဓ-ါးစာခံ စုစုပေါင်း ၇၀ ကျော်သွားခဲ့ပြီလို့လည်း ယင်းအဖွဲ့က ပြောဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here