စင်ကာပူက F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ထပ်မံ ဝယ်ယူမည်

0
184

ဒေသတွင်း ခြိမ်းခြောက်မှုတွေ ကြီးထွားလာစဉ် စင်ကာပူလေတပ်ကို ထိပ်တန်းအဆင့်မှာရှိနေစဖို့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၈ စင်း ထပ်မံဝယ်ယူသွားမှာဖြစ်ပြီး လေတပ်ရဲ့ သက်တမ်းရင့် F-16 တွေနေရာမှာ အစားထိုးသွားမှာဖြစ်တယ်လို့ မြို့ပြနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးက ယခုသီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။

ယခင်ဝယ်ယူထားပြီးဖြစ်တဲ့ F-35B တိုက်လေယာဉ် ၁၂ စင်းနဲ့အတူ အားဖြည့်ဖို့ရာ စင်ကာပူသမ္မတနိုင်ငံလေတပ်(RSAF) က လော့ဟိမာတင် ကုမ္ပဏီထုတ် ဂျက်တိုက်လေယာဉ်တွေရဲ့ အရွယ်အစားအရ ပိုကြီးပြီး ရှည်လျားတဲ့ F-35A အမျိုးအစား တိုက်လေယာဉ်တွေ ဝယ်ယူသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောဆိုပါတယ်။

F-35B တိုက်လေယာဉ် ပထမအသုတ်ကို ၂၀၂၆ ခုနှစ်မှာ စင်ကာပူနိုင်ငံကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်း Ng က ပြောဆိုပါတယ်။

B မော်ဒယ်ဟာ ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်ပြီး သင်္ဘောတွေပေါ်မှာ (သို့) သမားရိုးကျ ပြေးလမ်းမရှိတဲ့နေရာတွေမှာ တာဝန်ချထားနိုင်တဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။

F-35A တွေကတော့ ပိုမိုခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားပြီး ပိုမိုမြင့်မားတဲ့ ဝေဟင်အမြင့်မှာ ဝန်တင်နိုင်စွမ်းရှိတယ်လို့ Ng က လေယာဉ်တွေ ဝယ်ယူရေးနဲ့ ပတ်သက်ပြီး ပါလီမန်ကို ရှင်းလင်းပြောဆိုရာမှာ ပြောခဲ့ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ ဒေါင်လိုက် အတက် အဆင်းပြုနိုင်တဲ့ F-35B တွေကို အားဖြည့်ပေးသွားမှာဖြစ်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

ယခုတိုက်လေယာဉ်တွေ ဝယ်ယူခြင်းဖြင့် လေတပ်ရဲ့ ဒါဇင်များစွာသော F-16 တွေရဲ့နေရာကို F-35 တိုက်လေယာဉ်တွေနဲ့ ရေရှည်အစားထိုးမှုလုပ်ငန်းစဉ်ကို ၂၀၃၀ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဟာ RSAF အနေနဲ့ J-20B လို ခေတ်မီတိုက်လေယာဉ်အမျိုးအစားတွေ စတင်ပျံသန်းနေပြီဖြစ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ရဲ့ စွမ်းရည်ကို သတိမူမိခြင်းအား ပြသနေတယ်လို့ သြစတြေးလျ မဟာဗျူဟာအင်စတီကျူ့မှ အကြီးတန်းလေ့လာသုံးသပ်သူ မယ်လ်ကွမ် ဒေးဗစ်က ပြောဆိုခဲ့ပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here