(၁၁) လတာကာလအတွင်းပြည်ပသို့ ပဲမျိုးစုံတန်ချိန် (၁၄) သိန်းကျော် တင်ပို့ထား

0
169

ယခုဘဏ္ဍာနှစ်၏ (၁၁) လတာနီးပါးကာလအတွင်း ပြည်ပသို့ပဲမျိုးစုံ တန်ချိန် (၁၄) သိန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၏ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက် အထိ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၀၉၂ ဒသမ ၀၈၈ သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် ၁၂၉၀၅၀၆ ဒသမ ၅၁၂ နှင့် နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၈၇၀ သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် ၁၄၁၆၁၉ ဒသမ ၄၆၉ တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၂၁၄ ဒသမ ၉၅၈ သန်းတန်ဖိုးရှိသည့် ၁၄၃၂၁၂၅ ဒသန ၉၈၁ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်
လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here