သမ္မတဘိုင်ဒင်အား “ထူးချွန်ထက်မြက်လှသည်ဟု မဆိုကြပါနဲ့တော့ သူ့အသက်အရွယ်အတိုင်းသာရှိပါစေတော့”ဟုဆို

0
122

HBO မှပြသသည့် Real Time အစီအစဉ်တင်ဆက်သူ နာမည်ကျော် ဘီလ်မဟာက “သမ္မတ ဘိုင်ဒင်အား သူ့အသက်အရွယ်အရ ဖြစ်သင့်သည်တို့ကို ဖြစ်ခွင့်ပြုလိုက်ကြပါတော့။ ထူးချွန်ထက်မြက်လှသည်ဟု မြှောက်ပေးမနေကြပါနှင့်တော့”ဟု အပတ်စဉ် သူတင်ဆက်နေကျ Real Time အစီအစဉ်မှတစ်ဆင့် မှတ်ချက်ချ ပြောကြားလိုက်သည်။

သမ္မတဘိုင်ဒင်သည် အီတလီဝန်ကြီးချုပ် ဂျီအိုဂီယာ မယ်လိုနီနှင့် သောကြာနေ့က ဆွေးနွေးပြောကြားရာတွင် အရှေ့အလယ်ပိုင်းအရေးကိစ္စများပြောကြားနေစဉ် ဂါဇာကမ်းမြှောင်ဒေသဟုပြောဆိုရမည့်အစား “ယူကရိန်းသို့ အပိုရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ လေကြောင်းမှ ချပေးရန်နှင့် ယူကရိန်းနိုင်ငံသို့ အခြားလမ်းများ ဆက်လက်ဖွင့်လှစ်ရန် လိုအပ်ကြောင်း” ပြောကြားခဲ့ပြီးနောက် ဘီလ်မဟာ၏ ယခုကဲ့သို့ မှတ်ချက်ချမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သောကြာနေ့ ညနေက သမ္မတ ဘိုင်ဒင်ပြောကြားခဲ့သော မှတ်ချက်စကားများမှ “ယူကရိန်း”ဆိုသည့်စကား ၂ ခွန်းကို “ဂါဇာကမ်းမြောင်”ဟု ပြန်လည်ပြင်ဆင်သတ်မှကြပါရန် အိမ်ဖြူတော်က ထိုနေ့တွင်ပင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်လိုက်သည်။ မစ္စတာဘိုင်ဒင်ဖော်ပြခဲ့သည့် ထောက်ပံ့ရေးပစ္စည်းများအား လာမည့်ရက်များအတွင်း ဂါဇာကမ်းမြောင်နယ်မြေအတွင်းသို့ လေကြောင်းမှတစ်ဆင့် ချပေးမည်ဖြစ်ကြောင်းလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မစ္စတာဘိုင်ဒင်သည် လူအများရှေ့တွင် မကြာခဏ စကားလွဲမှားစွာပြောတတ်ခြင်းကြောင့် လူအများ၏ဝေဖန်မှုကို ဆွဲဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here