ကန့်ဘလူမြို့နယ်တွင် စားဖိုဆောင်သီးနှံ ဟင်းသီး ဟင်းရွက်များကိုနှစ်စဥ်စိုက်ပျိုး

0
167

ကန့်ဘလူမြို့နယ် ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် ရာသီအလိုက် တစ်ပိုင်တစ်နိုင် နှစ်စဥ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။

ယင်းသို့ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို မိုးရာသီ စက်တင်ဘာ၊ အောက်တိုဘာလမှ စတင်၍ ယနေ့အထိ သီးနှံစုံ (၇၆၀၃) ဧကစိုက် ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

”စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့၊ နည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို မစိုက်ပျိုးမီ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ မုန်လာ၊ကိုက်လန်၊ခရမ်းသီး၊ နံနံ စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးဇော်က ပြော သည်။

ကန့်ဘလူမြို့နယ်တွင် ပန်းဂေါ်ဖီ၊ မုန်လာ၊ ကိုက်လန် ၊မုန်ညင်း၊ ကြက်သွန်နီ၊ နံနံ၊ တိုင်ထောင်ပဲ၊ ခရမ်းချဥ်သီး၊ ဘူးသီး၊ ရုံးပတီ စသည့်တို့ကို စိုက်ပျိုးခဲ့ရာ သီးနှံများ အောင်မြင်ဖြစ် ထွန်းစေရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး တောင်သူများ
နှင့်တွေ့ဆုံကာ အသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here