မလေးရှားမှာ အားလပ်ရပ်ခရီးထွက်ရင်း နာမကျန်းဖြစ်ခဲ့တဲ့ နော်ဝေဘုရင် ယာယီနှလုံးခုန်စက် ထည့်သွင်းရ

0
112

မလေးရှားနိုင်ငံကို အားလပ်ရက်ခရီးရောက်ရှိနေရင်း နာမကျန်းဖြစ်ခဲ့တဲ့ နော်ဝေဘုရင် Harald V ဟာ ဒေသတွင်းဆေးရုံတစ်ရုံမှာ ယာယီနှလုံးခုန်စက် ထည့်သွင်းခဲ့ရတယ်လို့ ဘုရင့်နန်းတော်က ပြောဆိုပါတယ်။

နှလုံးခုန်မှု နှေးကွေးနေတာကြောင့် နှလုံးခုန်စက် ထည့်သွင်းလိုက်ရတာဖြစ်ပြီး စက်ထည့်သွင်းမှု အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တယ်လို့ နန်းတော်က ဆိုပါတယ်။ ဘုရင်ကြီး ကျန်းမာရေးကောင်းမွန်နေပေမယ့် အနားယူဖို့ လိုအပ်သေးကြောင်းနဲ့ အိမ်ပြန်ခရီး ပိုမိုဘေးကင်းကင်းဖြစ်စေဖို့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းလုပ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့လည်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

အသက် ၈၇ နှစ်အရွယ် ဘုရင်ကြီးဟာ ယခုသီတင်းပတ် အစောပိုင်းက မလေးရှားကို သီးသန့်ခရီးရောက်ရှိနေစဉ် ရောဂါကူးစက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Haral ဟာ ၁၉၉၁ ခုနှစ်မှာ နော်ဝေနိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး ဥရောပရဲ့ သက်တမ်းအရှည်ဆုံး သက်ရှိထင်ရှား ဘုရင်ဖြစ်ပါတယ်။ မကြာခင်နှစ်များက သူဟာ နှလုံးနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေအပါအဝင် ဖျားနာမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ယခင်က ခွဲစိတ်ကုသမှုလည်း ခံယူထားခဲ့ရကြောင်း သိရပါတယ်။

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here