ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် အမြင့်ဆုံးအပူချိန်သို့ ရောက်ရှိနိုင်

0
175

၂၀၂၄ ခုနှစ် မတ်လ ပထမ (၁၀) ရက်ပတ်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ အမြင့်ဆုံးအပူချိန်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် ၇၁ ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၈၀ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၉၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၁ ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း ဒေသတချို့တွင် နေ့အပူချိန် တိုးလာနေသည့်အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်များနှင့်အတူ အပူဒဏ်ကြောင့် ရုတ်တရက်ဖြစ်လာနိုင်သည့် ကျန်းမာရေး သတိပေးချက်များလည်းရှိနေသည်။

လူနေထူထပ်သည့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပုံမှန်မရကြခြင်းကြောင့် နွေရာသီ၏ အပူဒဏ်ကို ခံစားနေကြရသည့် သူများယခုထက် အပူချိန်ထပ်တိုးပါက အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ရန် ဆရာဝန်များကအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here