ထီဆုကြေး ထုတ်ယူရန် ကျန်ရှိနေသူများ မတ်လ (၂၉)ရက်အထိ လာရောက်ထုတ်ယူရန် အသိပေးထား

0
165

ကျပ်သိန်း ၅၀၀ အပါအဝင် ဆုမဲပေါင်း ၁၄၀၀၀ ကျော်ထုတ်ယူရန်ကျန်ရှိနေသူများကို မတ်လ (၂၉) ရက်အထိလာရောက်ထုတ်ယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ထီဆုမဲများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ (၁) ရက်က ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ ဆုမဲများဖြစ်ပြီး လက်ရှိအချိန်ထိ လာရောက်ထုတ်ယူခြင်း မရှိသေးသည့်အတွက် မတ်လ (၂၉) ရက်အထိ လာရောက် ထုတ်ယူရန်အသိပေးထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အသိပေးထားသော်လည်း လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ဆုမဲများတွင် ကျပ်သိန်း (၅၀၀) (၁) ဆု၊ ကျပ်သိန်း (၂၀၀) (၂) ဆု၊ ကျပ် သိန်း (၁၀၀) (၁) ဆု၊ ကျပ်သိန်း (၅၀) (၂) ဆု၊ ကျပ်သိန်း (၂၀) (၃) ဆု၊ ကျပ် (၁၀) သိန်း (၄) ဆု အစရှိသည့် ထီဆုများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ထီဆုမဲများအတွက် ဆုကြေးငွေများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ရုံးများတွင် သတ်မှတ်ထားသည့် ရက်အတွင်း တင်ပြပြီး ဆုငွေများကို တောင်းခံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here