ပြည်မြို့၊ နဝင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၅)လုံး ဆုံးရှုံး

0
91

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၅)လုံး ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့ မတ်လ (၃)ရက်၊ နံနက် (၁၀)နာရီ (၂၂)မိနစ်အချိန်က ပြည်မြို့၊ နဝင်းရပ်ကွက်၊ ဖိုးခေါင်လမ်းမဘေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁) စီး၊ ပြည်ခရိုင်အတွင်းရှိ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီးနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)တို့မှ သွားရောက် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here