၂၀၂၄ ခုနှစ်အစ (၂) လတာ ကာလအတွင်း နိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆမှု အကြိမ်ရေ (၄၀) နီးပါး ဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူ (၂၇)ဦးအထိရှိခဲ့

0
140

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဖေဖော်ဝါရီ (၂၉) ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆ ဖြစ်ပွားမှု အကြိမ်ရေ (၃၉)ကြိမ်အထိ ရှိခဲ့ပြီး ‌ေ-သဆုံးသူ (၂၇)ဦးအထိရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းဖော်ပြချက် ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုများအနက် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားမှုအကြိမ်အရေအတွက်မှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ (၁၀)ရက်နက ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်(၅)စီးဆင့်တိုက်မှုတွင် ထိခိုက်‌ေ-သဆုံးသူ အများဆုံးရှိခဲ့သည်။

ယခုနှစ် နှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အနေဖြင့် အမျိုးသား(၃၆) ဦး၊ အမျိုးသမီး(၂၁) ဦး စုစုပေါင်း (၅၇) ဦးအထိ ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

ထို့အပြင် ‌ေ-သဆုံးသူ အရေအတွက်မှာလည်း အမျိုးသား (၂၀) ဦး၊ အမျိုးသမီး (၆) ဦး၊ ကလေးငယ် (၁) ဦး စုစုပေါင်း (၂၇)ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here