ဆိပ်မူတွင် ကားသမားတစ်ဦးမှ ကွန်ကရစ်ဓာတ်တိုင်များကို ဝင်တိုက်ကာ တိမ်းရှောင်နေ၍ လာရောက်အကြောင်းကြားရန် အသိပေးထား

0
119

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်အမှတ် (၃)တွင် ကားသမားတစ်ဦးက လမ်းဘေးရှိ ကွန်ကရစ်ဓာတ်တိုင်နှစ်တိုင်အား ဝင်တိုက်ကာ တိမ်းရှောင်နေသည့် ယာဉ်ပိုင်ရှင်အနေဖြင့် တာဝန်ယူ၊ တာဝန်ခံစိတ်ဖြင့် လာရောက် အကြောင်းကြားရန် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယမန်နေ့တွင် အသိပေးထားသည်။

ယင်းကဲ့သို့ အသိပေးထားသော်လည်း ယာဉ်ပိုင်ရှင်အနေဖြင့် ယနေ့နံနက်ပိုင်းအချိန်အထိ လာရောက်ဆက်သွယ် အကြောင်းကြားခြင်းမရှိသေးကြောင်းနှင့် ပျက်ဆီးဆုံးရှုံးသွားသည့်ဓာတ်တိုင်များ၏ ကာလတန်ဖိုးမှာ ခန့်မှန်းကျပ် (၇)သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

“ပျက်စီးသွားတဲ့ ခန့်မှန်းတန်ဖိုးက (၇) သိန်း ဝန်းကျင်လောက်ရှိမယ်။ ဒီနေ့အထိ လာရောက်အကြောင်းကြားတာမရှိသေးပါဘူး” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပျက်ဆီးသွားသော ကွန်ကရစ်ဓာတ်တိုင်နှင့် အခြားဆက်စပ်ပစ္စည်များအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူများက မတ်လ (၂)ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ပြုပြင်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့က ဖားကန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ အသိပေးချက်တွင် ယခုလ မတ် (၁)ရက် ည (၁၀)နာရီခွဲအချိန်ခန့်တွင် ဆိပ်မူမှ ဖားကန့်ဘက်သို့ မောင်းနှင်လာသည့် Lancrusier (white 24Valve) (9D-1293) သည် ခိုင်ကြည်စင် စက်သုံးဆီပန့်အနီးရှိ ဆိပ်မူ Feeder (11) kV Line (10) Meter. ကွန်ကရစ်များအားတိုက်မိခဲ့သည့်အတွက် (10) Meter ကွန်ကရစ်တိုင် (၂) လုံးနှင့် အခြားဓာတ်အားလိုင်း ပစ္စည်းအချို့ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ -ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here