ဗြိတိန်သင်္ဘောတွေကို ဆက်လက်တိုက်ခိုက် နှစ်မြှုပ်သွားမည်ဟု ဟူသီအဖွဲ့ ကြုံးဝါး

0
142

ဗြိတိန်ပိုင် Rubymar သင်္ဘောကို တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ပြီးနောက် အေဒင်ပင်လယ်ကွေ့ရေပြင်မှာ ဗြိတိသျှတို့ရဲ့ သင်္ဘောတွေကို ဆက်လက်ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ အီရန်ကျောထောက်နောက်ခံပြု ယီမင် ဟူသီအဖွဲ့က တနင်္ဂနွေနေ့မှာ ကတိပြု ကြုံးဝါးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ဟူသီတို့ပစ်ခတ်လိုက်တဲ့ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်စင်း ထိမှန်ခဲ့သော ဗြိတိန်ပိုင် Rubymar သင်္ဘောဟာ နစ်မြုပ်သွားခဲ့ပြီဖြစ်တယ်လို့ အမေရိကန်စစ်တပ်က မတ်လ ၂ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။

ဗြိတိန်သင်္ဘောတွေကို ဟူသီက ထပ် နှစ်မြှုပ်သွားမှာဖြစ်ပြီး အကျိုးဆက်တွေနဲ့ အခြား ပျက်ဆီးထိခိုက်မှုမှန်သမျှ ဗြိတိန်ရဲ့ စာရင်းထဲ ထပ်ထည့်သွားမှာဖြစ်ကြောင်း ဟူသီဦးဆောင် အစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူစိန် အယ်အဇီက ပြောဆိုခဲ့ပါတယ်။

ဂါဇာအရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ဆက်ကျူးလွန်ရာမှာ ပံ့ပိုးနေခြင်း၊ အမေရိကန်နဲ့တွဲကာ ယီမင်နဲ့ မိတ်ဖက်တွေကို တိုက်ခိုက်နေခြင်း လုပ်နေတဲ့ ဆိုးသွမ်းနိုင်ငံတစ်ခုဖြစ်ကြောင်းလည်းထည့်သွင်းပြောကြား ခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးအတွင်း ပါလက်စတိုင်းတွေနဲ့ တသားတည်းရပ်တည်မှုကို ပြသခြင်းအဖြစ် ဟူသီစစ်သွေးကြွတွေဟာ နိုဝင်ဘာလလယ်ကစပြီး နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးငင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အကြိမ်ကြိမ်ပစ်လွှတ်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

၎င်းတို့ရဲ့ ပင်လယ်နီရေပြင်မှာ တိုက်ခိုက်ခဲ့မှုတွေအပေါ် လက်တုန့်ပြန်ခြင်းအဖြစ် အမေရိကန်နဲ့ ဗြိတိန်တို့က ယီမင်ရှိ ဟူသီပစ်မှတ်တွေကို ဇန်နဝါရီလမှာ စတင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။

U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here