ရွှေဘိုပေါ်ဆန်း ဘေးကြားစပါး (၄၁) သိန်းကျပ် ဝန်းကျင် စျေးဖြင့် ရောင်းဝယ်နေ

0
196

ယခုနှစ် မိုးစပါး ရွှေဘိုပေါ်ဆန်း ဘေးကြားစပါးစျေးသည် မတ်လ၂ရက်တောင်သူလယ်သမားနေ့တွင် ကျပ် ၄၁ သိန်း ဝန်းကျင် စျေးဖြင့် ရောင်းဝယ်နေကြကြောင်းသိရသည်။

သဖန်းဆိပ်ဆည်ရေသောက် ရွှေဘိုဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ ခုဇန်နဝါရီလ မိုးစပါးများ ရိတ်သိမ်းချွေလှေ့စအချိန်တွင် စပါးစျေး (၃၅) သိန်းခွဲ ဝန်းကျင်သာရှိခဲ့ရာမှ ယခုမတ် လဆန်းတွင် ကျပ် (၄၁) သိန်းအထိ စျေးတက်လာခြင်းဖြစ်သည်။

“အခုအချိန်က မိုးစပါးတွေရနေပြီ။ နွေစပါးတွေ စစိုက်နေပါပြီ။ မိုးစပါးစျေးက တင်း ၁၀၀ ကို သိန်း ၄၀ ကျော်စျေးပေါက်နေတော့ စျေးမြင့်ပါတယ်။ အခုတိုက်ရိုက်ကျဲပက်ပြီး နွေစပါးတောင်စိုက်နေကြပြီ”ဟု စပါးစိုက် တောင်သူ ဦးစန်းမြင့်က ပြောသည်။

လက်ရှိတွင် သဖန်းဆိပ်ဆည်ရေသောက် ရွှေဘိုဒေသတောင်သူ လယ်သမားများအနေဖြင့် နွေစပါးကို တိုက်ရိုက်ကျဲပက်စနစ်ဖြင့် စတင်စိုက်ပျိုးနေကြကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နွေစပါးသည် ကျပ် (၁၅) သိန်းဝန်းကျင် စျေးပေါက်ကာ ရောင်းဝယ်ခဲ့ကြပြီး ယခုနှစ်နွေစပါးစျေးသည် ကျပ် သိန်း ၂၀ ဝန်းကျင်ဖြင့် ရောင်းဝယ်ကြရလိမ့်မည်ဟု မျှော်လင့်ကြကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here