ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျော်အထိဖြစ်လာ

0
124

ဈေးကွက်အတွင်း၌ ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ် ကျော်အထိ မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်ခစရိတ်ကြီးမြင့်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးကွက်တွင် အမျိုးအစားအလိုက် တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၄၂၀၀ ကျပ်အထိရှိကြောင်း သိရသည်။

မြန်မာ့ကြက်သွန်ကို ဖီလစ်ပိုင်၊ ဗီယက်နာမ်၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့်ရှ် နိုင်ငံတို့မှ ဝယ်ယူနေပြီး ကိုဗစ်မတိုင်ခင် တစ်နှစ်လျှင် ပျဉ်းမျှ ကြက်သွန်နီ တန်ချိန် ၈ သောင်းမှ ၁ သိန်းကျော်ထိ ပြည်ပတင်ပို့မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ စိုက်ဧက ၁ ဒသမ ၇သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တစ်သန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် တစ်သိန်းဝန်း ကျင်သာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here