ဝန်ကြီးချုပ်လီ စင်္ကာပူ-သြစတြေးလျ ခေါင်းဆောင်များ နှစ်စဉ်အစည်းအဝေးတက်မည်

0
285

စင်္ကာပူ၊မတ် ၄

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ၉ ကြိမ်မြောက် စင်္ကာပူ-သြစတြေးလျ ခေါင်းဆောင်များ နှစ်စဉ် အစည်းအဝေးနှင့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးများတက်‌ရောက်ရန် မတ်လ ၄ ရက်မှ ၆ ရက်အထိ မဲလ်ဘန်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

မစ္စတာ လီသည် သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနီးစ်နှင့် နှစ်စဉ် ခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲကိုပါ ပြုလုပ်မည်ဖြစ်ကြောင်းစင်္ကာပူ ဝန်ကြီးချုပ်ရုံး က မတ် ၃ ရက်တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

“စင်္ကာပူ-သြစတြေးလျ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအရ ကျင်းပသည့် နှစ်စဉ် ခေါင်းဆောင်များအစည်းအဝေးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေးရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ရန် နှစ်နိုင်ငံလုံး၏ ဝန်ကြီးချုပ်များအတွက် အဓိကကျသော နေရာ ဖြစ်သည်” ဟုလည်းပြောကြားခဲ့သည်။

အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့နှင့်သြစတြေးလျနိုင်ငံအကြား တွေ့ဆုံဆွေးနွေးဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

အဆိုပါအထူးထိပ်သီးအစည်းအ‌ဝေးကို ဩစတြေးလျက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်မှာ ယခုအခါဒုတိယအကြိမ်မြောက်ဖြစ်ပြီး အစည်းအဝေးသို့ တီမောလက်စတီနိုင်ငံလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here