အကြပ်ကိုင်သည့် လုပ်ရပ်တွေအပေါ် သတိထားဖို့ သြစတြေးလျက အာဆီယံကို သတိပေး

0
292
Australia's Foreign Minister Penny Wong speaks during the opening of the Australia-ASEAN (Association of Southeast Asian Nations) summit in Melbourne on March 4, 2024. (Photo by William WEST / AFP)

အင်ဒို-ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ပြင်းထန်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အမျှ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပရောဂျက်တွေအတွက် ရန်ပုံငွေတွေ ပိုမိုချထားမှာဖြစ်ကြောင်း တနင်္လာနေ့က မဲလ်ဘုန်းမှာ ပြုလုပ်နေတဲ့ ဒေသတွင်း ခေါင်းဆောင်များနဲ့ ထိပ်သီးအစည်းအဝေးမှာ သြစတြေးလျက ပြောဆိုပါတယ်။

တောင်တရုတ်ပင်လယ်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရဲတင်းလာတဲ့ အပြုအမူတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် ပင်လယ်ရေကြောင်း လုံခြုံရေးအပါအဝင် အာဆီယံရဲ့ ဒေသဆိုင်ရာ ပရောဂျက်တွေအတွက် နိုင်ငံခြားရေးဝန်ကြီး Penny Wong က ရန်ပုံငွေ သြစတြေးလျဒေါ်လာ ၂၈၆.၅ သန်း( ကန်ဒေါ်လာ ၁၈၆.၇ သန်း) ကို ကြေညာခဲ့ပါတယ်။

မိမိတို့အနေနဲ့ ရေပြင်နဲ့ ဝေဟင်မှာ အန္တရာယ်များတဲ့ အပြုအမူတွေအပါအဝင် မတည်ငြိမ်မှု၊ ရန်စမှုနဲ့ အကျပ်ကိုင်တဲ့လုပ်ရပ်တွေ ရင်ဆိုင်ကြရကြောင်း တရုတ်နိုင်ငံကို နာမည်ထုတ်မပြောဘဲ ထိပ်သီးအစည်းအဝေးမှာ Wong က ပြောဆိုခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်မှာ၊ ထိုင်ဝမ်ရေလက်ကြားမှာ၊ မဲခေါင်ဒေသခွဲနဲ့ အင်ဒို-ပစိဖိတ်ဒေသတခွင်မှာ ဖြစ်ပျက်နေတာတွေက ကျွန်မတို့အားလုံးကို သက်ရောက်မှု ရှိပါတယ်” လို့ သူမက ပြောဆိုပါတယ်။

တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်မယ့် သြစတြေးလျ -အာဆီယံ ထပ်သီးဆွေးနွေးပွဲကို
မဲလ်ဘုန်းမြို့မှာ လက်ခံကျင်းပနေတာဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကိုတော့ ပြည်တွင်း ပဋိပက္ခတွေကြောင့် အစည်းအဝေးမှ ချန်လှပ်ထားကြောင်း သိရပါတယ်။

Ref: US.News


LEAVE A REPLY

Please enter your comment!
Please enter your name here