တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုစီမံခန့်ခွဲခြင်းကို နှစ်နိုင်ငံ အစိုးရများကပင် ဆက်လက်ဆောင်ရွက်သွားမည်

0
265

နိုင်ငံ၏ ပိုင်နက်နှင့် အချုပ်အခြာ အာဏာမှာ ဆက်လက်တည်တံ့နေမည် ဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ဒေသခံပြည်သူများ၏ အကျိုး စီးပွားကို ရှေ့ရှုကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆက်လုပ်နေသည့်အပြင် မြန်မာနိုင်ငံ၏ ပိုင်နက်နှင့် အချုပ်အခြာအာဏာဆက်လက်တည်တံ့နေမည်ဖြစ်ကြောင်း နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားထားသည်။

ကူးမင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ လတ်တလောထွက်ပေါ်‌ နေသည့် သတင်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်နက် အချုပ်အခြာအာဏာသည် ဆက်လက်တည်တံ့နေမှာဖြစ်ပါတယ်။နောက်တစ်ခုက တော့ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့နှင့် နစက တို့အကြား ယခု မတ်လ လဆန်းပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းပြီး ဆွေးနွေးပွဲအကြောင်းအရာများကို နှစ်ဖက်စောင့်ထိန်းရမည့် ကျင့်ဝတ်များအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ၊ နယ်စပ်ဂိတ်များနှင့် ကုန်သွယ်မှုများ၏ စီမံခန့်ခွဲမှုကို နှစ်နိုင်ငံ အစိုးရများ၏ စီမံခန့်ခွဲမှုဖြင့်ပင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းလည်း သိရသည်။

တရုတ် – မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စများကို မြန်မာအစိုးရအနေဖြင့် စောင့်ထိန်းလျက်ရှိပြီး ဆက်လက်၍ လည်း စောင့်ထိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမည့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ ၊ ဆိုက်ဘာမှုခင်းကိစ္စရပ်များကို နှစ်နိုင်ငံအစိုးရ အနေဖြင့် ပြတ်ပြတ်သားသား ဆက်လက်နှိမ်နှင်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်မည့် လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here