တိုကျိုရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စများကို အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်ယူသည့်စနစ်ပြောင်း

0
194

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စများ လာရောက်ဆောင်ရွက်ရာတွင် ဧပြီ (၁)ရက်မှ စတင်၍ Online Appointment ကြိုတင်ရယူသည့် စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ (၄)ရက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်အသိ ပေးထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

အဆိုပါ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအတွက် သံရုံးသို့ လစဉ်လာရောက်သူ နိုင်ငံသားဦးရေ ထောင်နှင့်ချီရှိပြီး စာတိုက်မှ တစ်ဆင့် ပေးပို့သက်တမ်းတိုးလျှောက်ထားမှုများသည်လည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အချို့ရက်များတွင် သံရုံးသို့ လာရောက်သူအရေအတွက်မှာ ကောင်စစ်အဆောက်အဦ၌ လက်ခံနိုင်သည့် လူဦးရေထက်များစွာ ကျော်လွန်ခဲ့သည့်အတွက် လာရောက်ကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အချိန်ပေးစောင့်ဆိုင်းရမှုများရှိလာကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ဧပြီ (၁)ရက်မှ စတင်၍ သံရုံးသို့ ကောင်စစ်ကိစ္စရပ်များ (ဗီဇာလျှောက်ထားမှုမပါ) ဆောင်ရွက်ရန်အတွက် လာရောက်ရာတွင် Online Appointment ကြိုတင်ရယူသည့် စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Online Appointment ပြုလုပ်ခြင်းကို အောက်ဖော်ပြပါလင့် (သို့မဟုတ်) QR Code တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်

http://www.myanmar-embassy-tokyo.net/…/onlineappointmen…


LEAVE A REPLY

Please enter your comment!
Please enter your name here