ပြည်ပမှ ပြောင်းမျိုးစေ့ တင်သွင်းနေရမှုလျှော့ပြီး ပြည်တွင်း၌ မျိုးစေ့ကိုတိုးထုတ်လုပ်နိုင်မည့်နည်းလမ်းများ

0
264

ပြည်တွင်း အစေ့ထုတ်ပြောင်းမျိုးစေ့ လိုအပ်နေမှုအားဖြည့်ဆည်းပေးနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများကို ဒုတိယအကြိမ် ထပ်မံဆွေးနွေးကြသလို ပြည်ပမှတင်သွင်းမှုကိုလျှော့ချကာ ပြည်တွင်း၌ မျိုးစေ့တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အစေ့ထုတ်ပြောင်း မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများ၏ ပြည်တွင်း၌ နှစ်အလိုက် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်မည့် လျာထားချက်များနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်သည့် မျိုးများကို ပူးပေါင်းထုတ်လုပ်ရေးအစီအစဉ်၊ မျိုးအရည်အသွေးကျဆင်းလာသော အစေ့ထုတ်ပြောင်းမျိုးများကို မျိုးစေ့မှတ်ပုံတင်ထားရှိမှုမှ စိစစ်ပယ်ဖျက်၍ အထွက်ကောင်းသည့် မျိုးသစ်များ ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် မိုးရာသီတွင် ဧက ၁ ဒသမ ၃ သန်းကျော်၊ ဆောင်းရာသီတွင် ဧက ဒသမ ၁၇ သန်းကျော် စုစုပေါင်း ဧက ၁ ဒသမ ၄၇ သန်းကျော် စိုက်ပျိုးလျက်ရှိရာ နှစ်စဉ်လိုအပ်လျက်ရှိသည့် အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်ရေးအတွက် အတွေ့အကြုံရှိသည့် ကုမ္ပဏီများမှ ပြည်တွင်းစပ်မျိုးများ ပိုမိုထုတ်လုပ်နိုင်ရေးကို နှစ်အလိုက်လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here