တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၌ Summer Party Event ကျင်း ပမည်

0
167

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၌ Summer Party Event ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Summer Party Event ကို မတ်လ (၈) ရက်မှ (၁၀) ရက်အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်သည်။

Summer Party Event တွင် မျက်လှည့်ပြပွဲ၊ ငှက်လိမ္မာလေးများနှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ တေးဂီတဖျော်ဖြေပွဲနှင့် K-pop Random Dance ပါဝင်မည့်အပြင် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် Photo Booth၊ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ဂိမ်းအစီအစဉ်နှင့် ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာရောက်လည်ပတ်သူများအတွက် စာအုပ်အရာင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများရောင်းချပေးမည့် ဈေးဆိုင်ခန်းများလည်း ပါဝင်သွားမည်ဖြစ်သည့်အတွက် မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်အပန်းဖြေကြရန် ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here