ဘားအံမြို့တွင် အမျိုးသား (၁) ဦး သံလွင်မြစ်ကမ်းမှ မြစ်အတွင်းသို့ ခုန်ချကာ ရေနစ်‌ေ-သဆုံး

0
137

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသား (၁) ဦး သံလွင်မြစ်ကမ်းမှ မြစ်အတွင်းသို့ ခုန်ချကာ ရေနစ်‌ေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ၊ ကမော့ကစင်)မှ သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့ အမှတ် (၃) ရပ်ကွက်၊ (၁၅၀) ကွက်သစ် ရေအရင်းမြစ်ရုံး အနောက်ဘက် သံလွင်မြစ်ကမ်းမှ အမျိုးသား (၁) ဦးမှာ မြစ်ထဲသို့ ခုန်ချသွားသည်ကိုတွေ့ရှိကြောင်း သတင်းရရှိ၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့- ကရင်ပြည်နယ်)မှ ဖြစ်စဉ်နေရာသို့ အရေးပေါ်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ ညနေ (၅)နာရီခွဲ အချိန်ခန့်က ရောက်ရှိပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ၊ကမော့ကစင်)၊ မာဃလူမှုကူညီရေးအသင်း၊ ရပ်ကွက်နေသူများနှင့်အတူ ည(၆)နာရီခွဲအချိန်ခန့်က စတင်ရှာဖွေခဲ့ကြောင်း သိရသည်။

“ကိုယ့်ကိုကိုယ် အဆုံးစီရင်တာလား ဘာလာတော့ မသိဘူး။ တစ်ယောက်တည်း ခုန်ချသွားတာ အလောင်းကိုတော့ ညကျမှ ပြန်ရှာတွေ့ကြတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ မြစ်အတွင်း ခုန်ချသွားသူ အမျိုးသားကို ရေငုပ်ရှာဖွေခဲ့ရာ ည (၈)နာရီခန့်၌ ရုပ်အလောင်းအား ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here