အမေရိက အနေဖြင့် ဂါဇာအတွက် အကူအညီများ တတ်နိုင်သမျှများများလိုချင်သည်ဟုဆို

0
202

ဝါရှင်တန်၊မတ် ၅

ဟားမတ်စ်စစ်သွေးကြွများနှင့် အစ္စရေးတို့၏စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးဒုက္ခကိုဖြေရှင်းရန် လမ်းကြောင်းများစွာဖြင့် ဂါဇာကမ်းမြောင်သို့ အကူအညီများရနိုင်ရေးကို အမေရိက သည် လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက မတ်လ ၄ ရက်တွင်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်တောင်ဘက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုကိုဖြတ်ကာ အကူအညီများသယ်ဆောင်လာသည့် ထရပ်ကားများအပြင် မကြာသေးမီရက်ပိုင်းအတွင်းကလည်း အမေရိကန်စစ်တပ်သည် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းကာ ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီပေးနိုင်‌ရေးအတွက် ရိက္ခာထုပ်များကို လေယာဉ်ပေါ်မှချပေးခဲ့ပြီးကူညီခဲ့သေးသည်။

“ဂါဇာရဲ့အခြေအနေက သည်းမခံနိုင်လောက်အောင်ဆိုးရွားနေပါပြီ” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့ကာ အမေရိကန်ပြည်ထောင်စုသည် ဂါဇာကမ်းမြောင်ဒေသသို့ပို့မည့်အကူအညီများအား တတ်နိုင်သမျှ လမ်းကြောင်းများစွာဖြင့်တိုးမြှင့်ပြီး ရေရှည်ထောက်ပံ့နိုင်စေရန် အာရုံစိုက်နေကြောင်းလည်းပြောကြားခဲ့သည်။

ဆက်လက်၍ ဂါဇာမြောက်ပိုင်းသို့ အကူအညီများပေးပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကာ အစ္စရေးအနေဖြင့် ဂါဇာမြောက်ပိုင်းသို့ အကူအညီပစ္စည်းများပေးပို့နိုင်ရန်ကြိုးပမ်းဆောင်ရွက်သင့်သည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here