မြန်မာနိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း (၆၁)မြို့နယ်အထိ ရှိလာ

0
165

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းမှ စတင်ကာ ၂၀၂၄ ခုနှစ် မတ်လ (၄) ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ပေါင်း (၆၁)မြို့နယ်အထိ ရှိလာပြီဖြစ်ကြောင်း မြန်မာ့အရေးစောင့်ကြည့်လေ့လာသည့် အဖွဲ့များထံမှ သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာရာတွင် ၂၀၂၁ ခုနှစ်က (၈)မြို့နယ်၊ ၂၀၂၃ ခုနှစ်က (၄၈) မြို့နယ်နှင့် ၂၀၂၄ ခုနှစ်အတွင်း (၅) မြို့နယ်ကို နစကမှ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်ရေးနှင့် ပဋိပက္ခများ အရှိန်မြင့်တက်လာခဲ့ရာ လိုအပ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအခြေအနေများ တိုးမြှင့် လုပ် ကိုင်နိုင်ရန် နစက က နယ်မြေဒေသအချို့ကို အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယင်းသို့ ကြေညာဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်းကလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ “မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ” မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန် ကြေညာပြီး တိုင်းမှူးအား အာဏာကုန် လွှဲအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၂၈)ရက်ကလည်း မိုးမိတ်မြို့နယ်နှင့်၊ မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here