ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် ၇ သန်း နှင့် ထိုင်းဘတ် ၁၂ သန်း ရောင်းချပေး

0
199

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းရှိ Online Trading Platform မှတဆင့် တရုတ်ယွမ် ၇ သန်း နှင့် ထိုင်းဘတ် ၁၂ သန်း ကို ယနေ့ မတ်လ (၅) ရက်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မတ်လ ၄ ရက်နေ့တွင်လည်း နိုင်ငံခြား ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့် ထိုင်းဘတ် သန်း (၂၀၀) ကို‌ ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ တစ်လခွဲအတွင်း ဒေါ်လာ ၁၄၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ် ၉၁၂ သန်းကို ရောင်းချပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ (၁) ရက်ကလည်း အမေရိကန်ဒေါ်လာ (၄) သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော်တွင်ရှိနေပြီး ထိုင်းငွေလဲနှုန်းသည် ၁၀၁ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here