တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်

0
144

တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) တို့၏ နှစ်ပတ် လည် စုံညီအစည်းအဝေး (Two sessions) ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ယနေ့ မတ်လ (၅) ရက်မှ စတင်၍ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People) တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့မှ တာဝန်ရှိ အကြီးအကဲများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ အစိုးရအရာရှိကြီးများ၊ တရုတ်နိုင်ငံတစ်ဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေး ပညာရှင်များ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂,၉၀၀ ကျော် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲကို ယနေ့ မတ်လ(၅)ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၀) ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here