နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

0
229

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၅) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများ ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ ကုန်သွယ်မှုများ မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နစက ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here