ထို့ကော်ကိုး လမ်းပိုင်းတွင် (၆)ဘီးယာဉ်တစ်စီး မတော်တဆဖြစ်ကာ ယာဉ်မောင်း ချောက်အတွင်းပြုတ်ကျ

0
109

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ် – မြဝတီသွား ထို့ကော်ကိုး လမ်းပိုင်းတွင် (၆)ဘီးယာဥ် တစ်စီး မောင်းနှင်နေစဉ် တောင်တက်ကွေ့တစ်ခုအရောက် တိမ်းစောင်းသွားသ ည့်အတွက် ယာဉ်မောင်းဖြစ်သူမှာ ချောက်အတွင်းသို့ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မတ်လ(၂)ရက် မွန်းလွှဲပိုင်း အချိန်တွင် ဖြ စ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ယာဉ်မောင်းဖြစ်သူအား ထို့ကော်ကိုး ဆေးခန်း၌ ကုသပေး‌ခဲ့ရကြောင်း သိရသည်။

ယင်းသို့ ကုသပေးနေရာမှ ယမန်နေ့မတ်လ(၄)ရက်တွင်လူနာ အား ဘားအံပြည်သူ့ဆေးရုံသို့လွှဲ ပြောင်းပေးရန် အကြော င်းကြားလာသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဒေါလန်း)က ကူညီပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပေါ် ပြူလာနယူးစ်ကို ပြောသည်။

“ဖြစ်တာက သုံးရက်ရှိနေပြီ။ မနေ့ကမှ ကျွန်တော်တို့ဆီ အ ကြောင်းကြားလို့ သွားကူညီပေးတာ။ ဘားအံပြည်သူဆေးရုံကို ပို့ဆောင်ထားပါတယ်။ ကားက ပြုတ်မကျဘူး။ လူပြုတ်ကျသွားတာ။ သူက ရန်ကုန်ကပါ။ သူ့မိန်းမနဲ့ မိသားစုလိုက်လာလို့ လူနာနဲ့ တွေ့ပါပြီ။ လူနာလည်း ခေါင်းမှာ ထိခိုက်ဒဏ် ရာရလို့ ချုပ်ထားရတာတွေ့တယ်။ လက်လည်း ကျိုးနေပါတယ်။ “ဟု ၎င်းက ရှင်းပြသည်။

ကော့ကရိတ်မြို့ တိုက်ပွဲများကြောင့် အာရှလမ်းသစ်အား ယာယီပိတ်ထားရသဖြင့် ကုန်စည်ပို့ဆောင်ခြင်း ၊ ခရီးသွားလာခြင်းများအတွက် အဆိုပါ ထို့ကော်ကိုးလမ်းပိုင်းကို အ သုံးပြုသွား လာနေကြရခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here