ပြင်ပ ရွှေဈေး သိန်း (၄၀) နားကပ်လာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးပါ တစ်ကျပ်သား (၃၇)သိန်းကျော်လာ

0
175

တရိပ်ရိပ်ဖြင့်တက်ရိပ်သန်းလာသည့် ပြည်တွင်း အခေါက် ရွှေဈေးနှုန်းမှာ ယနေ့ မတ်လ (၆) ရက်တွင် တစ်ကျပ်သား သိန်း(၄၀) နီးပါးသို့ ရောက်ရှိလာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း တစ်ကျပ်သား (၃၇) သိန်းအထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အစပိုင်းတွင် တစ်ကျပ်သား (၃၈) သိန်းကျော်သာ ရှိခဲ့ရာမှ (၃၉) သိန်းအထက် တဖြေးဖြေးမြင့်တက်လာပြီး ယနေ့ ဈေးကွက်အတွင်း၌ တစ်ကျပ်သား ၃၉၉၀၀၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ယနေ့ မတ်လ (၆) ရက် နံနက်ပိုင်း ရန်ကုန်ရွှေအသင်း၏ ထုတ်ပြန်ချက်အရ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၂၁၂၅ ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သား ၃၇၉၆၆၀၀ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၁) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၃၉၂၅၀၀၀ ကျပ်သာ ရှိခဲ့ရာမှ (၅) ရက်အတွင်း ၆၅၀၀၀ ကျပ်ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်းရှိ ရွှေလုပ်ငန်း လုပ်ကိုင်သူများအကြားတွင် ရွှေဈေး တစ်ကျပ်သား သိန်း (၄၀)အထက် သို့ ရောက်လာနိုင်ကြောင်းခန့်မှန်းမှုများရှိနေကြပြီးဈေးနှုန်း အတက်အကျ မငြိမ်သည့်အတွက် ‌အရောင်းအဝယ်မမှားကြရန် ဂရုပြုကြသင့်ကြောင်း သတိပေးမှုများလည်း ရှိနေသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့ရွှေဈေးအကျဘက်သို့ ရောက်နေသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အကျဘက်သို့ ပြန်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသ ည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် မတ်လ (၁)ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၅ ဒေါ်လာရှိခဲ့ပြီး ယနေ့မတ်လ (၆) ရက်တွင် တစ်အောင်စ ၂၁၂၅ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here