ဘီးလင်း – ဖာပွန်သွား ကားလမ်းပေါ်ရှိ ပျဉ်သာတံတား မိုင်းထောင်ဖောက်ခွဲခံရ

0
143

မွန်ပြည်နယ်အတွင်း ဘီးလင်း – ဖာပွန်သွား ကားလမ်းပေါ်မှအရှည်ပေ(၁၂၀) ရှိ ပျဉ်သာတံတားအား လက်နက်ကိုင်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့မှ (၁၈)မိုင်ခန့်အကွာ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာ၊ ဘီးလင်း- နတ်ကြီး- ဖာပွန်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၇/၇)နှင့် (၁၈/ဝ)အကြားရှိ တံတားအမှတ် (၆/၁၈) ၊ အကျယ် (၂၄)ပေ နှင့် အရှည်ပေ(၁၂၀)ရှိ ပျဉ်သာတံတားအား ယနေ့ ဖေဖော်ဝါရီ (၆) ရက် နံနက် (၆) နာရီကျော်က မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် တံတားမှာ ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

လက်ရှိတွင် တံတားမှာ ပျက်စီးသွားသည့်အတွက် သွားလာ၍ မရတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၈) ရက်ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မိုးကောင်းတံတားလည်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၂၉) ရက်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရပြီး အမျိုးသား တစ်ဦး‌ေ-သဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကား (၃) စီး ပျက်စီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here