မဲဆောက်တွင် ဘုန်းတော်ကြီးတစ်ပါးအား မြန်မာနိုင်ငံသား တစ်ဦးက သ-တ်ဖြတ်မှုဖြစ်ပွား

0
150

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ မယ်ကုကျေးရွာရှိ ဝပ်မိုင်စူဝမ်းဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား မြန်မာနိုင်ငံသားတစ်ဦးက သ-တ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မဲဆောက်မြို့သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ ကျောင်းထိုင်ဆရာတော်သည် သက်တော်(၆၂)နှစ် ဝါတော် (၂၀)ရှိသူဖြစ်ပြီး ပြစ်မှုကျူးလွန်သူက ဆရာတော်ထံမှ ထိုင်းဘတ်ငွေ (၇၀၀) တောင်းခံရာ မပေးသည့်အတွက် အုတ်ခဲဖြင့် ငါးချက်ထုသ-တ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် မတ်လ (၁) ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရှောင်တိမ်းနေရာမှ ယမန်နေ့ မတ်လ(၅)ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူမှာ ယခင်က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မောင်ဝင်းကျော်ဘိုဆိုသူဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် တိုင်းရင်းသားကိုယ်စားပြု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူ မောင်ဝင်းကျော်ဘိုသည် ကျောင်းထိုင်ဆရာတော်အပါအဝင် ကျောင်းရှိ ရဟန်းသာမဏေများ၊ ကပ္ပိယများနှင့် ရင်းနှီးသူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here